နယ်စည်းမထားဆရာဝန်များအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အမျိုးသား ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်း အစီအစဉ် တွင် ပါဝင်ကူညီ ပံ့ပိုးလျက်ရှိပါသည်။ ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၁၅ )ရက်နှင့် (၁၆) ရက်တို့တွင် နယ်စည်းမထားဆရာဝန်များအဖွဲ့အနေဖြင့် ပေါက်တော မြို့နယ်တွင် သယ်ယူပို့ဆောင်ရေး အကူအညီပေးခြင်း နှင့် လူထူပူးပေါင်းပါဝင်မှု အားကောင်းလာစေရင် အသိပညာပေး နှိုးဆော်ပေးခြင်းများ ပြုလုပ်ပေးခဲ့ပါသည်။
ကျွန်ုပ်တို့ အနေဖြင့် ရခိုင်ပြယ်နယ်ရှိ ယခင် ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးရေး အစီအစဉ်များတွင် လည်း ပူးပေါင်းကူညီ ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပါသည်။
၂၀၁၉ ခုနှစ် မတ်လ တွင် ရိုက်ကူးခဲ့သော ဤ ဓာတ်ပုံမှာ နယ်စည်းမထား ဆရာဝန်များ အဖွဲ့နှင့် အခြား NGO အဖွဲ့အစည်းများမှ ဝန်ထမ်းများ ကူညီပူးပေါင်းဆောင်ရွက်ခဲ့သော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကာကွယ်ဆေးတိုက်ကျွေးခြင်း အစီအစဉ်တစ်ခုတွင် ကာကွယ်ဆေးမထိုးမှီ နှင့် အစီအစဉ်တွင် ပါဝင်သော ကျန်းမာရေးဆိုင်ရာစစ်ဆေးမှုများ မပြုလုပ်မီ မိခင်တစ်ဦးမှ ကလေးငယ်အား သက်တောင့်သက်သာ ဖြစ်စေရန် ပြုလုပ်ပေးနေခြင်း ဖြစ်ပါတယ်…
ကျွန်ုပ်တို့အဖွဲ့သားများအနေဖြင့် ရခိုင်ပြည်နယ်ရှိ အလှမ်းဝေးသော ကျေးရွာများ၌ ကျန်းမာရေး စောင့်ရှောက်မှုများပေးရာတွင် အတွေ့အကြုံများစွာ ရှိပြီး ပြည်သူလူထု အားလုံးအတွက် မရှိမဖြစ်လိုအပ်သော ကျန်မာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်…