“ပဋိပက္ခဖြစ်ပွားနေတဲ့ဒေသမှာ အီဘိုလာပျံ့နှံ့ဖြစ်ပွားတာ ဒါပထမဆုံးအကြိမ်ပါပဲ။”
ဝင်ရောက်ကူညီဆောင်ရွက်ပေးသည့် ပထမပတ်အတွင်း ထိုရောဂါဖြစ်ပွားနေသည့် နေရာ၏ အလယ်ဗဟိုချက်တွင် သီးခြားကုသဆောင်ကို ဖွဲ့စည်းခဲ့သည်။ ဒေသရှိ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများကို ဆက်လက်လည်ပတ်နိုင်ရန် ကူညီထောက်ပံ့မှုများပေးနေသည်။ နယ်စည်းမထားဆရာဝန်များအဖွဲ့သည် ဒေသတွင်းတွင်လည်း အခြားသောစီမံကိန်းများကို လုပ်ဆောင်နေသည်။
ဝင်ရောက်ကူညီဆောင်ရွက်ပေးသည့် ပထမပတ်အတွင်း ထိုရောဂါဖြစ်ပွားနေသည့် နေရာ၏ အလယ်ဗဟိုချက်တွင် သီးခြားကုသဆောင်ကို ဖွဲ့စည်းခဲ့သည်။ ဒေသရှိ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများကို ဆက်လက်လည်ပတ်နိုင်ရန် ကူညီထောက်ပံ့မှုများပေးနေသည်။ နယ်စည်းမထားဆရာဝန်များအဖွဲ့သည် ဒေသတွင်းတွင်လည်း အခြားသောစီမံကိန်းများကို လုပ်ဆောင်နေသည်။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် ၁၀ကြိမ်မြောက် အီဘိုလာရောဂါပျံ့နှံ့ဖြစ်ပွားမှုကို နိုင်ငံ၏အရှေ့မြောက်ပိုင်းရှိ မြောက်ကီဘူးဒေသ၌ သြဂုတ်လ ၁ရက်နေ့တွင် ကြေညာခဲ့သည်။ ထိုအချိန်အထိ ရောဂါဖြစ်ပွားမှုပေါင်း၇၄ခုနှင့် သေဆုံးမှုပေါင်း ၃၄ခုရှိကြောင်း ဒေသရှိကျန်းမာရေးဆိုင်ရာ အာဏာပိုင်များက ပြောကြားသည်။
နယ်စည်းမထားဆရာဝန်များအဖွဲ့က ကျန်းမာရေးဝန်ကြီးဌာန၏ ရောဂါဖြစ်ပွားမှုကို တုံ့ပြန်ဖြေရှင်းသည့် မူဘောင်နှင့်အတူ ဝင်ရောက်ကူညီလုပ်ကိုင်ပေးနေသည်။ ပထမဆုံးစတင်ကူညီပေးသည့် ရက်သတ္တပတ်အတွင်း ရောဂါဖြစ်ပွားပေါ်ပေါက်နေသည့် အဓိကနေရာဖြစ်သော မန်ဂီနာမြို့တွင် ရောဂါကုသဆောင်တစ်ခုကို ပြင်ဆင်နေရာချခဲ့သည်။ သီးခြားတဲများထားရှိပြီး လူနာကုတင်၃၀ ပါဝင်သည်။ ထိုနေရာမှ ၄၅မိနစ်ကြာဆက်သွားလျှင် နေထိုင်သူလူဦးရေပေါင်း ၄၀၀,၀၀၀ ရှိသည့် ဘေနီမြို့တွင် အခြားသီးခြားယူနစ်တစ်ခုရှိသည်။ တုံ့ပြန်ဖြေရှင်းရေး၏ အဓိကအချက်များထဲမှ တစ်ခုမှာ အခြားသောရောဂါဝေဒနာများခံစားနေရသည့် လူနာများကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုများ ဆက်လက်ပေးစွမ်းနိုင်ရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုစနစ် အရှိန်မပျက် လည်ပတ်နိုင်စေရန်ဖြစ်သည်။ ထို့အတွက် နယ်စည်းမထားဆရာဝန်များအဖွဲ့သည် အနီးအနားဒေသများရှိ ကျန်းမာရေးစင်တာများကိုလည်း မကူးစက်အောင်ကာကွယ် ထိန်းချုပ်နည်းများကို သင်တန်းပေးပို့ချလျက်ရှိသည်။
“ကျွန်တော်တို့တွေ စိန်ခေါ်မှုပေါင်းများစွာ ရင်ဆိုင်ရပါတယ်။” Gwenola Seroux, နယ်စည်းမထားဆရာဝန်များအဖွဲ့၏ အရေးပေါ်ကုသခန်းမန်နေဂျာကပြောသည်။ “ပထမဆုံးဖြစ်ပြီး လုပ်ကိုလုပ်ရမယ့်တစ်ခုက ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်ဖို့အတွက်ပါ။ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကျန်းမာရေးအဆောက်အအုံတွေကို ရောဂါပိုးမကူးစက်အောင်ကာကွယ်ပေးရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ပေးဝေဖို့ စတင်လုပ်ဆောင်နေပြီဖြစ်တဲ့ ကာကွယ်ဆေးတွေကလည်း ဒီကိစ္စအတွက် အရေးပါတဲ့အစိတ်အပိုင်းတစ်ခုပါ။”
ဒေသတွင်းရှိ နယ်စည်းမထားဆရာဝန်များအဖွဲ့၏အခြားစီမံကိန်းများသည် ထိုရောဂါနှင့်ပတ်သက်ပြီး နှိုးကြားသတိရှိမှုကိုမြှင့်တင်ပေးပြီး ရောဂါပိုးမွှားတို့ဖြင့် ညစ်ညမ်းစေနိုင်သော လုပ်ဆောင်မှုများအတွက် လုံခြုံစိတ်ချရစေသည့် လုပ်ထုံးလုပ်နည်းများကို သူ့နေရာနှင့်သူထားရှိသည်။ ထိုအထဲတွင် လူဘာရို၊ ဘန်ဘူကီရီဘီဇီနှင့် ရတ်ရှူရူဆေးရုံတို့မှ ကလေးသူငယ်၊ အာဟာရချို့တဲ့သည့် လူနာများနှင့် လိင်အကြမ်းဖက်မှုခံစားရသည့်လူနာများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများပေးသည့် နယ်စည်းမထားဆရာဝန်များအဖွဲ့၏အစီအစဉ်များပါဝင်သည်။
ကျန်းမာရေးအာဏာပိုင်များသည် အီဘိုလာရောဂါသည်များနှင့် ထိတွေ့ဆက်ဆံခဲ့ပြီး ရောဂါကူးစက်နိုင်ခြေရှိသည့် လူပေါင်း ၈၀၀ခန့်ကို ခွဲခြားသတ်မှတ်နိုင်ခဲ့ပြီး ကနဦးရောဂါလက္ခဏာများပြသမှုရှိမရှိ ဆက်လက်စောင့်ကြည့်လျက်ရှိသည်။
ဒေသ၏နောက်ခံအကြောင်းအရာများအရ စိန်ခေါ်မှုများထပ်မံပေါ်ပေါက်လာဖွယ်ရှိသည်။ ရောဂါပျံ့နှံ့ဖြစ်ပွားသော ဒေသသည် အကြမ်းဖက်မှုများပုံမှန်ဖြစ်ပေါ်နေသည့်ဒေသအဖြစ် သတ်မှတ်ထားသည့်နေရာဖြစ်သည်။ “ပဋိပက္ခဖြစ်ပွားနေတဲ့ဒေသမှာ အီဘိုလာပျံ့နှံ့ဖြစ်ပွားတာ ဒါပထမဆုံးအကြိမ်ပါပဲ။” Gwenola Seroux ကပြောသည်။ ဒါကကျန်းမာရေးအတွက် တုံ့ပြန်ဖြေရှင်းမှုတွေ လုပ်ရတာ ပိုမိုခက်ခဲစေပါတယ်။ အထူးသဖြင့် ဝင်ရောက်လုပ်ကိုင်ရခက်ခဲတဲ့ဒေသတွေမှာ ရောဂါပြန့်ပွားမှုနည်းအောင် ကန့်သတ်ရတာဟာခက်ခဲပါတယ်။ ပြည်သူလူထုကြားမှာကျွန်တော်တို့ လိုအပ်သလို လှုပ်ရှားလုပ်ကိုင်နိုင်စွမ်းမရှိတာမျိုးတွေဖြစ်နိုင်ပါတယ်။”
ထိုဒေသသည် ယူဂန်ဒါနယ်စပ်နှင့်လည်းအလွန် နီးစပ်နေပြီး ကန်ပါလာရှိ ဒေသအာဏာပိုင်များကလည်း ၎င်းတို့၏ နိုင်ငံသားများကို သတိကြီးစွာထား၍နေကြရန် တိုက်တွန်းထားသည်။ ယူဂန်ဒါဘက်ခြမ်းရှိ နယ်စည်းမထားဆရာဝန်များအဖွဲ့ကလည်း တူညီသည့် တုံ့ပြန်မှုများလှုပ်ရှားဆောင်ရွက်လျက်ရှိပြီး ထိုအိမ်နီးချင်းနိုင်ငံတွင်လည်း ဝင်ရောက်ကူညီရန်လိုအပ်လာခဲ့လျှင် ဆောင်ရွက်နိုင်ဖို့ နိုင်ငံ့အာဏာပိုင်များနှင့် ပူးပေါင်းလုပ်ဆောင်လျှက်ရှိသည်။
ရောဂါစတင်ဖြစ်ပွားမှုမှာ မေလတွင်စတင်ခဲ့သည်ဟုဆိုနိုင်သော်လည်း ဇူလိုင်လတွင်ကြေညာခဲ့သည့် အီကွေဒေါဒေသတွင် သက်ရောက်ခဲ့သော ရောဂါပျံ့နှံ့ဖြစ်ပွားမှုနှင့်မူ သက်ဆိုင်ခြင်းမရှိပေ။