Quantcast
Channel: MSF Myanmar
Viewing all articles
Browse latest Browse all 66

နယ်စည်းမထားဆရာဝန်များအဖွဲ့ကယီမင်နိုင်ငံရှိ မိုခါမြို့တွင် စစ်ပွဲမှဒဏ်ရာရလူနာများအတွက် ယာယီ ခွဲစိတ်ဆေးရုံငယ်တစ်ရုံ ဖွင့်လှစ်ခဲ့

$
0
0

 “ကျွန်တော်တို့ရဲ့ အဒမ်မြို့ကဆေးရုံကိုရောက်ရှိလာတဲ့ အချို့လူနာတွေက ကျန်းမာရေးကုသစောင့်ရှောက်မှုရရှိဖို့ ခရီးအဝေးကြီးလာခဲ့ရတဲ့အတွက် အသည်းအသန်အခြေအနေကိုရောက်နေတတ်တယ်။” 

Thierry Durandမိုခါရှိ နယ်စည်းမထားဆရာဝန်များအဖွဲ့ စီမံကိန်း၏အကြီးအကဲ

လူနာများစွာလက်ခံရန် ထပ်မံတိုးချဲ့ဆောက်လုပ်နိုင်သေးသည့် ထိုကျန်းမာရေးအဆောက်အအုံသည် ဟိုဒိုင်ဒါနှင့်တိုင်ဇ်ရှေ့တန်းစစ်မြေပြင်များမှ ရောက်ရှိလာသောလူနာများကို အရေးပေါ် ဆေးဝါးကုသမှုများပေးနေသည်။ ထိုလူနာများထဲတွင် အရေးပေါ်ခွဲစိတ်ကုသမှုလိုအပ်သည့် စစ်ပွဲမှဒဏ်ရာရလာသူများနှင့် ကလေးမွေးဖွားရခက်ခဲနေသူများပါဝင်သည်။

မကြာသေးမီက ဆော်ဒီနှင့်အာရပ်စော်ဘွားများခေါင်းဆောင်သည့် နိုင်ငံတကာညွန့်ပေါင်းအဖွဲ့၏ ထောက်ပံ့မှုဖြင့် သမ္မတဟာဒီ၏သစ္စာခံတပ်ဖွဲ့များသည် ဟိုဒိုင်ဒါမြို့ကို ထိုးစစ်ဆင်ခဲ့သည်။ ထိုအဖြစ်အပျက်ပြီးနောက်တွင် ဆေးဝါးကုသစောင့်ရှောက်မှုများပေးအပ်ရန် ပိုမိုလိုအပ်လာသည့်အတွက် နယ်စည်းမထားဆရာဝန်များအဖွဲ့က ဟိုဒိုင်ဒါမြို့တောင်ဘက် ၁၈၀ ကီလိုမီတာဝေးသော မိုခါမြို့တွင် ကုတင်၂၀ဆန့် ယာယီခွဲစိတ်ဆေးရုံတစ်ရုံဖွင့်လှစ်ခဲ့သည်။

အသစ်ဆောက်လုပ်ပြီးစီးသည့် ခွဲစိတ်ဆေးရုံလေးတွင် နယ်စည်းမထားဆရာဝန်များအဖွဲ့မှ ဝန်ထမ်း၇၀ကျော်လုပ်ကိုင်နေသည်။ လူနာများစွာလက်ခံရန် ထပ်မံတိုးချဲ့ဆောက်လုပ်နိုင်သေးသည့် ထိုကျန်းမာရေးအဆောက်အအုံသည် ဟိုဒိုင်ဒါနှင့်တိုင်ဇ်ရှေ့တန်းစစ်မြေပြင်များမှ ရောက်ရှိလာသောလူနာများကို အရေးပေါ် ဆေးဝါးကုသမှုများပေးနေသည်။ ထိုလူနာများထဲတွင် အရေးပေါ်ခွဲစိတ်ကုသမှုလိုအပ်သည့် စစ်ပွဲမှဒဏ်ရာရလာသူများနှင့် ကလေးမွေးဖွားရခက်ခဲနေသူများပါဝင်သည်။

ဧပြီလတည်းက ဟိုဒိုင်ဒါနှင့်တိုင်ဇ်တွင် ပိုမိုပြင်းထန်လာသော အကြမ်းဖက်မှုများကြောင့် ဒဏ်ရာရသူများ တိုးပွားလာသည်။ လွန်ခဲ့သောတစ်လ နှစ်လအတွင်း တစ်ရက်လျှင် လူနာတင်ယာဉ်အစီး၂၀ခန့်သည် အလွန်လိုအပ်နေသည့် ကျန်းမာရေးကုသစောင့်ရှောက်မှုကို ရရှိရန် ဟိုဒိုင်ဒါနှင့်အနီးပတ်ဝန်းကျင်မှ လူနာများကို တင်ဆောင်ပြီး အဒမ်မြို့သို့ ၆နာရီကြာ ကားမောင်းသွားရသည်။

 

အဒမ်ရှိ နယ်စည်းမထားဆရာဝန်များအဖွဲ့၏ ဒဏ်ရာအနာတရ ခွဲစိတ်ကုသရေးဆေးရုံတွင် ဧပြီလမှစပြီး အနောက်ဘက်ကမ်းခြေဒေသရှိ ရှေ့တန်းစစ်မြေပြင်များမှ လူနာပေါင်း ၄၉၃ဦး လက်ခံကုသခဲ့ပြီးဖြစ်သည်။ ဇူလိုင်လအတွင်းတွင် ဟိုဒိုင်ဒါနှင့်တိုင်ဇ်တို့မှ ရောက်ရှိလာသော လူနာပေါင်း ၁၇၃ယောက်အနက် ၈၃ရာခိုင်နှုန်းမှာ သေနတ်ပစ်ခံရခြင်း၊ မြေမြုပ်မိုင်းထိခြင်းနှင့် ဗုံးကြဲခြင်းတို့ကြောင့် ထိခိုက်ဒဏ်ရာရခဲ့သူများဖြစ်သည်။

“ကျွန်တော်တို့ရဲ့ အဒမ်မြို့ကဆေးရုံကိုရောက်ရှိလာတဲ့ အချို့လူနာတွေက ကျန်းမာရေးကုသစောင့်ရှောက်မှုရရှိဖို့ ခရီးအဝေးကြီးလာခဲ့ရတဲ့အတွက် အသည်းအသန်အခြေအနေကိုရောက်နေတတ်တယ်။”  မိုခါရှိ နယ်စည်းမထားဆရာဝန်များအဖွဲ့ စီမံကိန်း၏အကြီးအကဲဖြစ်သူ Thierry Durand ကပြောသည်။ “ဒါဟာ မိုခါမှာဆေးရုံဖွင့်ဖြစ်ဖို့ ဖြစ်စေခဲ့တဲ့ အဓိကအကြောင်းအရာတွေထဲကတစ်ခုဖြစ်ပါတယ်။ လူနာတွေ ကျွန်တော်တို့ဆီကိုမြန်မြန် ဆန်ဆန်ရောက်လာနိုင်ဖို့နဲ့ ကျွန်တော်တို့လည်း လူနာများများပိုကယ်နိုင်အောင်ပါ။”

နယ်စည်းမထားဆရာဝန်များအဖွဲ့သည် ဘက်ပေါင်းစုံရှိ ရှေ့တန်းစစ်မျက်နှာပြင်များမှ ပဋ္ဋိပက္ခများကြောင့် ထိခိုက်ခံစားရသူများကိုကူညီရန် ယီမင်တွင်လုပ်ငန်းများဆောင်ရွက်နေသည့် အမှီအခိုကင်းမဲ့သော၊ ဘက်မလိုက်သော၊ သမာသမတ်ကျသော ဆေးဝါးကုသမှုပေးသည့် အဖွဲ့အစည်းဖြစ်သည်။ နယ်စည်းမထားဆရာဝန်များအဖွဲ့သည် ယီမင်နိုင်ငံအနှံ့ရှိ ဆေးရုံနှင့် ကျန်းမာရေးစင်တာ၁၃ခုတို့တွင် လုပ်ကိုင်နေပြီး အာဘရန်၊ အက်ဒလေ၊ အဒမ်၊ အမ်မရမ်၊ ဟာဂျာ၊ ဟိုဒိုင်ဒါ၊ အစ်ဘ်၊ လာ့၊ ဆာဒါ၊ ဆာနာ၊ ရှာဘွာနှင့်တိုင်ဇ် ၁၂ခရိုင်တွင်ရှိသော ဆေးရုံဆေးခန်းပေါင်း ၂၀ကျော်တွင် ကူညီထောက်ပံ့မှုများပေးနေသည်။


Viewing all articles
Browse latest Browse all 66