Quantcast
Channel: MSF Myanmar
Viewing all articles
Browse latest Browse all 66

တောင်အာဖရိက၊ တီဘီရောဂါကုသရာတွင် ဆေးထိုးကုသမှုက အောင်မြင်မှုနည်းလာသည့်အတွက် ပြောင်းလဲမှုအသစ်တစ်ခု စတင်လာခဲ့

$
0
0

တောင်အာဖရိကရှိ ကေရယ်လစ်ရှားတွင် ဆရာဝန်နှင့်ဆွေးနွေး ကုသမှုခံယူနေသော S. Xesha။ ကျွန်မအခုလက်ရှိမှာ ကေရယ်လစ်ရှားက အေးခဲဒိန်ချဉ်ဆိုင်မှာ ငွေကိုင်စာရေးလုပ်နေပါတယ်။ ကျွန်မနေကောင်းပါတယ်။ bedaquiline ဆေးကိုသောက်နေတာအခုဆို ၆လရှိပါပြီ။ Photo: Sydelle Willow Smith

“MDR-TB အတွက် ပုံမှန်ဆေးဝါးကုသမှုသည် လက်ရှိတွင် ၅၀ရာခိုင်နှုန်းသာ အကျိုးဖြစ်ထွန်းပြီး ကျောက်ကပ်ပျက်စီးခြင်းနှင့် နားမကြားခြင်းတို့အပါအဝင် အဆိပ်အတောက်ရှိပြီး ကြောက်မက်ဖွယ် ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေသည့် ထိုးသွင်းရာတွင်လည်း နာကျင်သည့် ပဋ္ဋိဇီဝ ထိုးဆေးတစ်မျိုး ပါဝင်သည်။ အဓိကအားဖြင့် တောင်အာဖရိကတွင် bedaquiline ဆေးကို ဆေးယဉ်ပါးတီဘီရောဂါကုသရာတွင် ထည့်သွင်းအသုံးပြုမှု အတွေ့အကြုံများအရ ရောဂါခံစားရသူ လူနာများတွင် ကျန်းမာရေး စစ်ဆေးမှုရလဒ်များ တိုးတက်လာသည်ကို ဖော်ပြနေပြီး ကနဦးသက်သေ သာဓကများက ၎င်းဆေးကို အဆိပ်အတောက်ပြင်းသော ထိုးဆေးအစား ဘေးအန္တရာယ်ကင်းရှင်းပြီး ထိရောက်မှုရှိစွာ အသုံးပြုနိုင်ကြောင်းပြသနေသည်။” ဟု ၂၀၀၇ခုနှစ်ကတည်းကMSF ၏ ဆေးယဉ်ပါးတီဘီရောဂါကုသရေးအစီအစဉ်စတင်ခဲ့သည့် ကိတ်မြို့အနောက်ပိုင်းစီရင်စုရှိ ကေရယ်လစ်ရှားမှ ဆေးယဉ်ပါးတီဘီရောဂါဆိုင်ရာ ဆရာဝန် Dr. Anja Reuter ကပြောသည်။

ကေရယ်လစ်ရှား၊ ဇွန်လ ၁၈ရက်နေ့ ၂၀၁၈ခုနှစ်။          ။ တောင်အာဖရိကသည် ကမ္ဘာပေါ်တွင် ဆေးစွမ်းထက်မြက်ထိရောက်သော ဆေးဝါးအသစ်ကို လက်လှမ်းမီရရှိနိုင်ရန် ရှိန်နှုန်းမြှင့်တင်ပေးဖို့ သိသာထင်ရှားသည့် ခြေလှမ်းကိုစတင်လိုက်သည့် ပထမဆုံးနိုင်ငံတစ်ခုဖြစ်သည်။ ဆေးယဉ်ပါးတီဘီရောဂါ ကုသမှုကို သည်းခံနိုင်သောအတိုင်းအတာဖြစ်လာစေပြီး ဆေးထိုးကုသရာတွင်အသုံးပြုသော ပစ္စည်းများ၏ တုန်လှုပ်ခြောက်ခြားဖွယ် ဘေးထွက်ဆိုးကျိုးများကိုလည်း လျော့ချပေးသည်။

“MDR-TB အတွက် ပုံမှန်ဆေးဝါးကုသမှုသည် လက်ရှိတွင် ၅၀ရာခိုင်နှုန်းသာ အကျိုးဖြစ်ထွန်းပြီး ကျောက်ကပ်ပျက်စီးခြင်းနှင့် နားမကြားခြင်းတို့အပါအဝင် အဆိပ်အတောက်ရှိပြီး ကြောက်မက်ဖွယ် ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေသည့် ထိုးသွင်းရာတွင်လည်း နာကျင်သည့် ပဋ္ဋိဇီဝ ထိုးဆေးတစ်မျိုး ပါဝင်သည်။ အဓိကအားဖြင့် တောင်အာဖရိကတွင် bedaquiline ဆေးကို ဆေးယဉ်ပါးတီဘီရောဂါကုသရာတွင် ထည့်သွင်းအသုံးပြုမှု အတွေ့အကြုံများအရ ရောဂါခံစားရသူ လူနာများတွင် ကျန်းမာရေး စစ်ဆေးမှုရလဒ်များ တိုးတက်လာသည်ကို ဖော်ပြနေပြီး ကနဦးသက်သေ သာဓကများက ၎င်းဆေးကို အဆိပ်အတောက်ပြင်းသော ထိုးဆေးအစား ဘေးအန္တရာယ်ကင်းရှင်းပြီး ထိရောက်မှုရှိစွာ အသုံးပြုနိုင်ကြောင်းပြသနေသည်။” ဟု ၂၀၀၇ခုနှစ်ကတည်းကMSF ၏ ဆေးယဉ်ပါးတီဘီရောဂါကုသရေးအစီအစဉ်စတင်ခဲ့သည့် ကိတ်မြို့အနောက်ပိုင်းစီရင်စုရှိ ကေရယ်လစ်ရှားမှ ဆေးယဉ်ပါးတီဘီရောဂါဆိုင်ရာ ဆရာဝန် Dr. Anja Reuter ကပြောသည်။

“ပြည်သူလူထုအတွက် ပိုမိုအကျိုးရှိပြီး အဆိပ်အတောက်အဖြစ်နည်းမယ့် ကုသမှုကို ပေးနိုင်မယ့် အကောင်းဆုံးနည်းလမ်းကို ပေးသင့်တာအမှန်ပါ။ ဒါပေမယ့် နိုင်ငံအတော်များများမှာ ဒီအစီအစဉ်အတိုင်း ရှေ့ဆက်လုပ်ဆောင်မှုကတော့ လက်ရှိအချိန်ထိနည်းပါးနေပါသေးတယ်။ တောင်အာဖရိကနိုင်ငံဟာ ဆေးယဉ်ပါးတီဘီရောဂါသည်မှန်သမျှ ဒီဆေးဝါးကို သေသေချာချာရရှိနိုင်အောင် အပြုသဘောဆောင်တဲ့ခြေလှမ်းကိုလှမ်းလျှောက်နေတာပါ။” ဟု Reuter ကပြောသည်။

Bedaquiline နှင့်အခြားဆေးဝါးအသစ်များကို သုံးစွဲနိုင်စွမ်းပိုမိုတိုးတက်လာသည်နှင့်အညီ ကျန်းမာရေးအဆောက်အအုံများကိုကူညီထောက်ပံ့ပေးရန်နှင့် ဆေးဝါးထုတ်လုပ်သူများသည် တောင်အာဖရိကနှင့်ကမ္ဘာ့နိုင်ငံများအနှံ့တွင် ဆေးဝါးဈေးနှုန်းများကို မဖြစ်မနေလျှော့ချရန် စသည့်အကောင်အထည်ဖော်ရန် အခက်အခဲများ ကျန်ရှိနေစဉ်တွင် bedaquiline နှင့်ပတ်သက်သော တောင်အာဖရိက၏တိကျပြတ်သားသော ကြေညာမှုသည် အလွန်အရေးကြီးသောအချိန်တွင် ပေါ်ထွက်လာခဲ့သည်။ ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်နှစ်တိုင်း လူပေါင်း၅သိန်းကျော်သည် ဆေးယဉ်ပါးတီဘီရောဂါကူးစက်ခြင်းခံနေရသည်။ သို့ရာတွင် bedaquiline ကဲ့သို့သော တီဘီဆေးဝါးသစ်များကို လက်လှမ်းမီရရှိပြီး အကျိုးကျေးဇူးခံစားရသူများမှာမူ မရှိသလောက်နည်းပါးသည်။

အခြားသောနိုင်ငံများနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဆေးယဉ်ပါးတီဘီရောဂါအတွက် ဆေးဝါးများအသုံးပြုမှုဆိုင်ရာ ညွှန်ကြားမှုများကိုစီရင်ရေးသားသူများသည် တောင်အာဖရိက၏ လျင်မြန် ရှေ့ရောက်သောသာဓကကို နမူနာယူနိုင်သည်။ bedaquiline အပါအဝင် ထိရောက်သော ဆေးဝါးသစ်များကို ထိုးဆေးများအစား အသုံးပြုပြီး  ကမ္ဘာတစ်ဝန်းတွင်လက်လှမ်းမှီရရှိနိုင်အောင် တိုးချဲ့လုပ်ဆောင်သင့်သည်။

ယခုနှစ်စက်တင်ဘာလတွင် နယူးယောက်၌ တီဘီရောဂါဆိုင်ရာ ကုလသမဂ္ဂ အဆင့်မြင့်အစည်းအဝေးကို နိုင်ငံတကာမှ ပထမဆုံးအကြိမ်အဖြစ်ကျင်းပရန် ပြင်ဆင်နေသည်ဖြစ်ရာ တောင်အာဖရိကနိုင်ငံမှ သမ္မတ၊ ဒုသမ္မတ၊ ကျန်းမာရေးဝန်ကြီး နှင့် အရပ်ဘက်လူ့အဖွဲ့အစည်းမှပုဂ္ဂိုလ်များ အပါအဝင်ရာထူးအဆင့်အားဖြင့် အမြင့်ဆုံးဖြစ်သည့် ကိုယ်စားလှယ်အဖွဲ့များကိုစေလွှတ်၍ အခြားနိုင်ငံမှ ကိုယ်စားလှယ်များကို   ဆေးယဉ်ပါးတီဘီရောဂါကုသရေး အတွက် တိကျပြတ်သားသည့် ဆုံးဖြတ်ချက်ဖြင့် လုပ်ဆောင်ရန်နှင့် ရှင်းလင်းတိကျသည့် ဦးတည်ချက်များနှင့် တီဘီရောဂါကူးစက်ပြန့်ပွားမှုကို ပိုမိုကျယ်ပြန့်စွာကိုယ်တွယ်ဖြေရှင်းရန် ဘဏ္ဍာရေးပိုင်းဆိုင်ရာ သဘောတူညီချက် ကတိကဝတ်များ ချမှတ်ရန်တို့အတွက် တိုက်တွန်းအကြံပေးရန်မှာ အလွန်အမင်းအရေးကြီး၏။

တောင်အာဖရိကတွင် ဆေးယဉ်ပါးတီဘီရောဂါနှင့် ပြင်းထန်ဆေးယဉ်ပါးတီဘီရောဂါအတွက် MSF ၏ ဆေးဝါးကုသမှုများ

ကိတ်မြို့အနောက်ပိုင်းစီရင်စုရှိ ကေရယ်လစ်ရှား တွင် ၂၀၀၇ခုနှစ်ကစတင်ပြီး ကွာဇူလူ နေတယ်ရှိ Eshowe နှင့် Mbongolwane တွင် ၂၀၁၇ခုနှစ်ကစတင်ပြီး ဆေးယဉ်ပါးတီဘီရောဂါကုသရေး ကုထုံးကို အားကောင်းစေရန်အတွက် အသုံးပြုပုံအသစ်နှင့် သစ်လွင်သောဆေးဝါးများကို လက်လှမ်းမှီရရှိစေရန် MSF မှကူညီထောက်ပံ့ပေးနေသည်။ ဆေးယဉ်ပါးတီဘီဝေဒနာရှင်များနေထိုင်ရာ အသိုင်းအဝန်းတွင် ဆေးဝါးစတင်ကုသမှုများ၊ ဆေးဝါးရရှိစေရန်ကူညီထောက်ပံ့မှုများနှင့် လူနာပြုစုစောင့်ရှောက်ပေးမှုများကို အနီးကပ်လုပ်ဆောင်နိုင်ရန်အတွက် bedaquiline နှင့် delamanid ကဲ့သို့သောဆေးဝါးအသစ်များကို ပေးဝေရာတွင် သေးငယ်သောနေရာခွဲပေါင်းများစွာတွင် ဆေးယဉ်ပါးတီဘီရောဂါ ကုသစောင့်ရှောက်မှုများကို အခြေခံကျန်းမာရေး စောင့်ရှောက်မှုအဆင့်တွင် ထည့်သွင်းပြီး တစ်ပါတည်း လုပ်ဆောင်ပေးနေသည်။


Viewing all articles
Browse latest Browse all 66