အိုပိုင်တန်သည် ပျက်စီးနေသော ဒိုနက်စ်လေဆိပ်နှင့် မျက်နှာချင်းဆိုင်တွင်တည်ရှိပြီး လက်ရှိတွင် ဒိုနက်စ်ပြည်သူပိုင်အဖြစ်အဖြစ်ကြေညာထားသည့် ရှေ့တန်းစစ်မျက်နှာပြင်ကျေးရွာလေးတစ်ခု ဖြစ်သည်။
လမ်းပန်းဆက်သွယ်ရေးမကောင်းသည့်အပြင် ရာသီဥတုဆိုးရွားသောကြောင့် ဝေးလံခေါင်သီလျက်ရှိသည့် အဆိုပါဒေသတွင် ဒေသခံပြည်သူများ အထူးသဖြင့် သက်ကြီးရွယ်အိုများသည် ဒေသတွင်းပဋိပက္ခ၏ စဉ်ဆက်မပြတ်ကြောင့်ကြစိတ်များနှင့် အသက်ရှင်နေထိုင်ရုံအပြင် အခြားရွေးချယ်စရာမရှိဖြစ်နေသည်။ အနီးအနား၌ အမြောက်ဖြင့်ပစ်ခတ်ခြင်းသည် ကြီးမားသောစိုးရိမ်ကြောင့်ကြမှုနှင့် စိတ်ဓာတ်ကျခြင်းကို ပေါက်ဖွားဖြစ်ပေါ်စေသည့်အပြင် နှလုံးသွေးကြောဆိုင်ရာရောဂါ၊ သွေးတိုးနှင့် ဆီးချိုရောဂါများကဲ့သို့သော နာတာရှည်ရောဂါများအတွက် ပုံမှန်စောင့်ရှောက်ကုသမှုကို လက်လှမ်းမီပေးဆောင်ရန်အတွက်လည်း ဖြတ်တောက်မှုဖြစ်နေစေသည်။
တုန့်ပြန်မှုအနေဖြင့် ဆရာဝန်တစ်ဦး၊ သူနာပြုတစ်ဦးနှင့် စိတ်ပညာရှင်တစ်ဦးတို့ဖြင့် ဖွဲ့စည်းထားသည့် နယ်စည်းမထားဆရာဝန်များအဖွဲ့(MSF)၏ နယ်လှည့်ဆေးကုသမှုအဖွဲ့သည် ပဏာမကျန်းမာရေးစောင့်ရှောက်မှုနှင့် စိတ်ပိုင်းဆိုင်ရာဆွေးနွေးညှိနှိုင်းမှုများကို ဒေသခံပြည်သူများအား ပေးဆောင်နေသည်။ အဖွဲ့သည် ကယ်ဆယ်ရေးလုပ်ငန်းများ၏ အခြေစိုက်စခန်းတစ်ခုအဖြစ် ဒေသခံတစ်ဦး၏ နေအိမ်ကို အသုံးပြုပြီး ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် စတင်ခဲ့သည်။
“တာဝန်ကျဆရာဝန်မပါဘဲ အိုပိုင်တန်မှာရှိတဲ့ ရွာသူရွာသားတွေက ကိုယ်တိုင်စောင့်ရှောက်မှုကို လေ့ကျင့်ခြင်း၊ တစ်ယောက်ကိုတစ်ယောက်သွေးပေါင်ချိန်တိုင်းပေးခြင်းနှင့် ကိုယ်တိုင်ဆေးကုသမှုတွေကို လေ့ကျင့်နေကြတယ်။” ဟု ဒိုနက်စ် အိုဘလတ်စ် (ပြည်နယ်)အတွက် MSF ကွင်းဆင်းညှိနှိုင်းရေးမှူး မေရီယမ် ဘယ်ရီ ကပြောကြားခဲ့သည်။
ထွက်ခွာရန် တွန့်ဆုတ်နေ
“အဲ့ဒီရွာမှာ လမ်းတွေမရှိတဲ့အတွက်ကြောင့် ကားတွေလဲမရှိဘူး၊ ဒေသခံတွေက ကွင်းပြင်တစ်ခုကိုဖြတ်ပြီး အာဗ်ဒီဗကာ (အနီးအနားမြို့တစ်မြို့)ကိုရောက်ရန် ကီလိုမီတာများစွာ လမ်းလျှောက်နေရတယ်။”
တစ်စိတ်တစ်ပိုင်းပျက်စီးနေသည့် အဆောက်အဦးများတွင် ဒေသခံများနေထိုင်နေရခြင်းနှင့် အစားအစာ၊ အပူပေးစနစ်နှင့် လျှပ်စစ်ဓာတ်အားအတွက် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများအပေါ်တွင် မှီခိုနေရခြင်းတို့ကို ကျွန်မတို့အဖွဲ့တွေ့ရှိခဲ့ရသည်။ သို့သော် အဆိုပါအခြေအနေများရှိနေသော်လည်း ဒေသခံများသည် ယင်းတို့၏နေအိမ်များမှ ထွက်ပြေးဖို့ရန် တွန့်ဆုတ်နေကြသည်။
“ရှေ့တန်းစစ်မျက်နှာပြင်နဲ့ နီးကပ်နေခြင်းက အနီးအနားအမြောက်ပစ်ခတ်မှုရဲ့အသံနဲ့အတူ နေ့စဉ်စိုးရိမ်ကြောင့်ကြမှုအောက်တွင် ဒေသခံပြည်သူများကို ရှိနေစေတယ်။” ဟု ဘယ်ရီ ကပြောသည်။
“ဒါဟာ ကျွန်မရောက်ရှိခဲ့တဲ့ မေလ၊ ၂၀၁၇ခုနှစ်အချိန်ကတည်းက ကျွန်မတို့စီမံကိန်းမှာ ကျွန်မမြင်တွေ့ခဲ့ဖူးတဲ့ စိတ်ပျက်ဖွယ်အခြေအနေတွေနဲ့ မယှဉ်သာနိုင်တဲ့ အဆိုးဝါးဆုံးအခြေအနေတစ်ခုဖြစ်တယ်။ ကျွန်မတို့ ဆေးကုသပေးခဲ့တဲ့လူနာ ၁၀ ယောက်ထဲမှ တစ်ဝက်လောက်က သွေးပေါင်ချိန် ၂၀၀ ကျော်ရှိနေခဲ့တယ်။ ဒါဟာ သူတို့တွေ စဉ်ဆက်မပြတ်စိုးရိမ်ကြောင့်ကြမှုတွေရှိနေတယ်ဆိုတာကို ညွှန်ပြနေတယ်။”
“ကျွန်ုပ်တို့ နှစ်လတာကာလအတွင်း ကနဦးလေ့လာဆန်းစစ်မှုတွေပြုလုပ်ခဲ့ကြတယ်” ဟု ဘယ်ရီ ကပြောကြားသည်။ အိုပိုင်တန်ကို ရှေ့တန်းစစ်မျက်နှာပြင်တစ်လျှောက် ကျဉ်းမြောင်းပြီး ညစ်ပတ်သောလမ်းကြောင်းမှတစ်ဆင့်သာ ရောက်ရှိနိုင်မည်ဖြစ်ပြီး အခြားဝင်ပေါက်များတွင် မိုင်းထောင်ထားနိုင်ချေများခြင်း သို့မဟုတ် ယူကရိန်းစစ်တပ်မှ အသုံးပြုဖို့ရန် ကန့်သတ်ထားနိုင်ချေများသည်။
“လုံခြုံရေးကိစ္စတွေနဲ့ လမ်းမြေပြိုမှုဖြစ်ပေါ်စေသည့် ဆိုးရွားတဲ့ရာသီဥတုကြားကတစ်ဆင့် ရောက်နိုင်အောင် ကျွန်ုပ်တို့ ရုန်းကန်ခဲ့ကြရတယ်။ လက်တလောတော့ ဆေးကုသမှုဆိုင်ရာလိုအပ်နေတဲ့ ဒေသခံအားလုံးကို ချင့်တွက်ပြီး ကျွန်ုပ်တို့ နောက်တစ်ခါ ဝင်ရောက်ခွင့်နဲ့ပတ်သက်တဲ့ ကိစ္စရပ်များနှင့် တွေ့ကြုံခံစားခဲ့ရလျှင် နှစ်လကြာရှည်ခံနိုင်မယ့် ဆေးဝါးတွေကို ပေးဆောင်ရန် ရည်ရွယ်ထားပါတယ်။”
MSF သည် မာရီယုပေါ နှင့် ကူရာခိုဗေ့အခြေစိုက် အဖွဲ့ ၄ ဖွဲ့နှင့်အတူ ဒိုနက်စ် အောဘလတ်ဒေသရှိ နေရာ ၂၈ ခုတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှုလိုအပ်နေသောသူများအတွက် ရွှေ့လျားဆေးခန်းများ ဖွင့်လှစ်ပေးထားသည်။ ကျွန်ုပ်တို့၏ ရွှေ့လျားဆေးခန်းများမှထောက်ပံ့ပေးနေသော လူနာအများစုသည် နာတာရှည်ရောဂါခံစားနေရသည့် အသက် ၅၀ ကျော်အရွယ် အမျိုးသမီးများဖြစ်သည်။
စိတ်ကျန်းမာရေးအပေါ် ပဋိပက္ခ၏အကျိုးသက်ရောက်မှုကို ကိုင်တွယ်ဖြေရှင်းရန် MSF စိတ်ပညာရှင်များသည် အဆိုပါပဋိပက္ခဖြစ်ပွားနေသောဒေသတွင်း နေထိုင်သူများအပြင် ဆရာ/ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် တစ်ဦးတစ်ယောက်ချင်းစီနှင့် အဖွဲ့လိုက်ဆွေးနွေးညှိနှိုင်းမှုကဏ္ဍများနှင့် စိတ်ကျန်းမာရေးအသိပညာပေးခြင်း၊ ကိုင်တွယ်ဖြေရှင်းရေးနည်းစနစ်များပေးဆောင်ခြင်းတို့ကို လုပ်ဆောင်နေသည်။