Quantcast
Channel: MSF Myanmar
Viewing all articles
Browse latest Browse all 66

မတ်ဒါဂတ်စကာ - MSFသည် ပလိပ်ရောဂါဖြစ်ပွားမှု ဖြေရှင်းရန်အတွက် အထောက်အပံ့ပေးဆောင်နေ

$
0
0

နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF)သည် မတ်ဒါဂတ်စကာ၏ အရှေ့ဘက်ကမ်းခြေရှိ တာမတ်တေ့ဖ်၏ ဆိပ်ကမ်းမြို့တော်တွင် အဆုတ်ရောင်ပလိပ် (Pneumonic Plague) ရောဂါဖြစ်ပွားမှုကို ဒေသဆိုင်ရာအာဏာပိုင်များနှင့်အတူ ကိုင်တွယ်ဖြေရှင်းရန် စတင်လုပ်ဆောင်လျက်ရှိနေသည်။

MSF၏ နိုင်ငံတကာဆေးဘက်ဆိုင်ရာဝန်ထမ်းများသည် မာလာဂတ်ဆီ ကျန်းမာရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများကို  ပလိပ်ရောဂါလူနာကို ဦးစားပေးကုသပေးသောစင်တာတွင် လက်ရှိဆေးရုံတက်ရောက်လျက်ရှိနေသော လူနာများကို ကုသမှုပေးဆောင်နိုင်ရန် ထောက်ပံ့ပေးနေသည်။ အထူးကုစင်တာကို မြို့တော်၏ ဆေးရုံအပြင်ဖက်တစ်နေရာတွင် MSF အပါအဝင် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများက ယခုသီတင်းပတ်အစောပိုင်းလောက်က တည်ဆောက်ခဲ့သည်။

“ပလိပ်ရောဂါက ထိုက်သင့်အားလျော်စွာ ကြောက်စရာကောင်းတဲ့ ရောဂါတစ်မျိုးဖြစ်တယ်၊ သို့သော် မြန်ဆန်တဲ့လုပ်ဆောင်မှုက သေဆုံးမှုနှုန်းများကို အကြီးအကျယ်လျော့ကျစေနိုင်ပြီး ရောဂါဖြစ်ပွားမှုကို အဆုံးသတ်စေနိုင်တယ်။” ဟု MSF ရေနှင့်ရေဆိုးစနစ်သန့်ရှင်းရေးပညာရှင် လူကာ ဖွန်တာနာ က ပြောကြားခဲ့သည်။ “အဆုတ်ရောင်ပလိပ်ရောဂါ (Pneumonic Plague)က ကုသပျောက်ကင်းနိုင်ပြီး ကုသမှုကို အချိန်မီစတင်မယ်ဆိုရင် လူနာတွေမှာ ၁၀၀ ရာခိုင်နှုန်း ပြန်ကောင်းလာနိုင်တဲ့ အခွင့်အရေးရှိပါတယ်။ ဒါ့အပြင် ကူးစက်မှုအန္တရာယ်ရှိနေတဲ့ လူတွေက ယင်းတို့ကို ဖျားနာခြင်းမှ ကာကွယ်ဆေးသောက်သုံး၍ကြိုတင်ကာကွယ်နိုင်တယ်။ ဒါကြောင့် MSFက တာမတ်တေ့ဖ်တွင် အာလာဂတ်ဆီအာဏာပိုင်များ၏ အထောက်အပံ့ပေးရေးတောင်းဆိုမှုကို ခိုင်မာသောလှုပ်ရှားမှုနှင့် တုန့်ပြန်ခဲ့တာဖြစ်တယ်။”

ဖျားနာသောလူများကုသခြင်းအပြင် MSF ဝန်ထမ်းများသည် အရေးကြီးလူနာဦးစားပေးကုသခြင်းစနစ်များ တိုးတက်လာစေရန် ဒေသဆိုင်ရာအာဏာပိုင်များကို ကူညီပေးခြင်း၊ ပလိပ်ရောဂါလူနာများကို သီခြားထားပြီး ကုသပေးခြင်း၊ တာမတ်တေ့ဖ်မြို့တော်ရှိ အရေးပေါ်လူနာတင်ယာဉ်စနစ်နှင့် ညှိနှိုင်းဆောင်ရွက်ပေးခြင်းများဖြင့်လည်း ကူညီပေးနေသည်။ MSF၏ ရေနှင့် ရေဆိုးသန့်ရှင်းရေးပညာရှင်များသည် ဒေသခံအဖွဲ့များနှင့်တွဲဖက်၍ ဆေးရုံနှင့် လူ့အဖွဲ့အစည်းများအတွင်း ပလိပ်ရောဂါ ထပ်မံပြန့်ပွားခြင်းအန္တရာယ် လျော့ပါးစေရန်အတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပိုးသန့်စင်ရေးလုပ်ထုံးလုပ်နည်းများတွင်လည်း ပါဝင်ခဲ့သည်။  

တွာမာဆီနာဟု အများသိထားကြသည့် တာမတ်တေ့ဖ်၏ ဆိပ်ကမ်းမြို့တော်တွင် လူဦးရေ ၃၀၀,၀၀၀ ခန့် နေထိုင်ကြသည်။ အဆိုပါမြို့တော်သည် နိုင်ငံအတွင်း အဆုတ်ရောင်ပလိပ်ရောဂါအများဆုံးဖြစ်ပွားသော နေရာများထဲမှတစ်ခုဖြစ်ပြီး ရောဂါဖြစ်ပွားမှုစတင်ချိန်ကတည်းက ရောဂါဖြစ်ပွားမှုဦးရေ ၂၆၁ ဦးနှင့် သေဆုံးသူဦးရေ ၁၀ ဦးရှိခဲ့သည်။ ဆင်ထွက်ပလိပ်ရောဂါ (Bubonic plague)သည် သာမန်နို့တိုက်သတ္တဝါများ၏ သန်းများမှတဆင့် ကူးဆက်ပျံ့နှံ့တတ်ပြီး အဆုတ်ရောင်ပလိပ်ရောဂါ (Pulmonary Plague)သည် လူလူချင်းမှတဆင့် ကူးစက်တတ်သည်။ မတ်ဒါဂတ်စကာတွင် ကြွက်များ ရောဂါသယ်ဆောင်လာသည့် ယင်း၏ တောင်တန်းကုန်းပြင်မြင့်ဒေသများတွင် ဆင်ထွက်ပလိပ် (Bubonic Plague)ရောဂါဖြစ်ပွားမှုများအား မှတ်တမ်းတင်ထားသောမှတ်တမ်းများရှိသည်။ သို့သော် တာမတ်တေ့ဖ်မြို့တော်မှာ ရောဂါပိုးသယ်ဆောင်လာသောသာမန်တိရိစ္ဆာန်များ မရှိခဲ့သလို မကြာသေးခင်နှစ်များအတွင်း ပုံမှန်ပလိပ်ရောဂါဖြစ်ပွားနေမှုများလည်း မရှိခဲ့ပေ။

တရားဝင်အချက်အလက်အရ သြဂုတ်လ ၁ ရက်မှ အောက်တိုဘာလ ၁၇ ရက်အတွင်း မတ်ဒါဂတ်စကာသည် အဆုတ်ရောင်ပလိပ် (Pulmonary Plague) ရောဂါဖြစ်ပွားသူ ၆၉၅ ဦးနှင့် သေဆုံးသူ ၈၉ ဦးအပါအဝင် ပလိပ်ရောဂါဖြစ်ပွားမှုပေါင်း ၁,၀၃၂ ခုရှိကြောင်း မှတ်တမ်းတွေ့ရှိခဲ့ရသည်။

အင်နိုးချန်တီး (၃၃ နှစ်)သည် မတ်ဒါဂတ်စကာတွင် ဆရာဝန်တစ်ဦးဖြစ်သည်။ သူမသည် ပလိပ်ရောဂါကူးစက်ခံခဲ့ရပြီး ထို့နောက်တွင် MSF လက်ရှိအလုပ်လုပ်နေသော တာမတ်တေ့ဖ်ရှိ ကုသမှုစင်တာတွင် ကုသပျောက်ကင်းခဲ့သည်။ သူမသည် သူမ၏အကြောင်းကို ပြောပြခဲ့သည်။

“၅ ရက်ကြာ အရမ်းပင်ပန်းခဲ့တယ်။ ကိုက်ခဲတယ်၊ ခေါင်းကိုက်တယ် နောက်ပြီး ရင်ဘတ်အောင့်တယ်။ နှလုံးသွေးကြောကျဉ်းရောဂါ (Angina) ခံစားနေရတယ်လို့ ကျွန်မထင်ခဲ့တယ်။ အောက်တိုဘာလ ၅ ရက်နေ့မှာ သွေးစအန်တဲ့ စိုးရိမ်ဖွယ်ရာလက္ခဏာတစ်ခု ရှိခဲ့တယ်။ ကျွန်မလုပ်ဖော်ကိုင်ဖက်အချို့နဲ့ အဆုတ်ရောင်ပလိပ်ရောဂါအကြောင်း သင်တန်းတက်ဖူးထားတဲ့အတွက် ကျွန်မတာမတ်တေ့ဖ်ဆေးရုံကို ဆေးစစ်ချက်အချို့လုပ်ဖို့ သွားခဲ့တယ်။ ကျွန်မက သံသယဖြစ်စရာလူနာဆိုတာ သေချာပါတယ်။ နောက်တော့ ပလိပ်ရောဂါကူးစက်ခံနေရပြီလို့ သူတို့အတည်ပြုခဲ့တယ်။ ကျွန်မ ဆေးထိုး၊ဆေးသွင်းမှုခံယူပြီး ဆေးရုံမှာပဲနေခဲ့တယ်။ ကျွန်မရဲ့ မိသားစုကလည်း ထိတ်လန့်ခဲ့တယ်။ ဒုတိယနေ့မှာတော့ ရောဂါလက္ခဏာတွေ စတင်ပျောက်လာခဲ့တယ်-အကြိတ်ရောင်တာ၊ ခေါင်းကိုက်တာနဲ့ အခြားလက္ခဏာတွေပေါ့။ ကျွန်မနေလို့ပြန်ကောင်းလာတာကြောင့် ကျွန်မဒီနေရာမှာ နာလန်ထူဆဲအခြေအနေနဲ့တောင်မှ ကျန်းမာရေးဝန်ထမ်းတွေကို စတင်ကူညီခဲ့တယ်။ ကပ်ရောဂါဖြစ်ပွားမှု ပထမရက်သတ္တပတ်မှာပဲ ပလိပ်ရောဂါဖြစ်ပွားမှုကလည်း အများကြီး၊ လူနာတွေလည်း အများကြီးရှိခဲ့တယ်။ အခုတော့ ကျဆင်းလာခဲ့ပြီ။ ကျန်းမာရေးဝန်ထမ်းတွေက ကျွန်မကို အနားယူဖို့အတွက် သီတင်းပတ် ၂ ပတ်ခွင့်ယူဖို့ ပြောခဲ့တယ်။ ကျွန်မအိမ်ပြန်လာဖို့အတွက် ကျွန်မရဲ့မိသားစုတွေက အဆင်သင့်ဖြစ်ရဲ့လားဆိုတာကို ကျွန်မ မသိပါဘူး။ သူတို့ပြောတာတော့ သူတို့အဆင်သင့်ဖြစ်ပြီ ဒါပေမယ့် သူတို့ကျွန်မကို ကြောက်နေတုန်းပဲဆိုတာ ကျွန်မခံစားရတယ်။ ဒါကြောင့် ကျွန်မမိသားစုတွေ ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်အောင် ကျွန်မအဝေးမှာပဲနေပါတယ်။ ကျွန်မ အပြုသဘောပဲနေပါတယ်။ ကျွန်မမှာ ပလိပ်ရောဂါရှိခဲ့တယ်၊ ကျွန်မပျောက်ကင်းခဲ့တာပဲဆိုတဲ့ လျို့ဝှက်ချက်နဲ့ ကျွန်မ မနေချင်ဘူး။”


Viewing all articles
Browse latest Browse all 66