Quantcast
Channel: MSF Myanmar
Viewing all articles
Browse latest Browse all 66

ဆေးယဉ်ပါးတီဘီရောဂါအတွက် တိုးတက်လာသော ဆေးကုသမှုကို လူတွေ ဆက်လက်ငြင်းဆိုနေ

$
0
0
Burmese

ကမ္ဘာလုံးဆိုင်ရာတီဘီအဖွဲ့ တွေ့ဆုံလျက်ရှိနေသော မက္ကဆီကိုနိုင်ငံ ဂွာဒါလာဟာရာမြို့ရှိ ၄၈ကြိမ်မြောက် ယူနီယမ် ကမ္ဘာလုံးဆိုင်ရာအဆုတ်ကျန်းမာရေးညှိနှိုင်းဆွေးနွေးပွဲကြီးတွင် ဆေးယဉ်ပါးတီဘီရောဂါဖြစ်နေသော လူများသည် တီဘီဆေးသစ်နှစ်မျိုးဖြစ်သော bedaquiline နှင့် delamanid ကို ယခုထိတိုင် ရရှိခြင်းမရှိဟု နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF)က ရှုတ်ချပြောဆိုခဲ့သည်။ 

သို့သော်လည်း ဆေးဝါးများကို နောက်လေးနှစ်ကျော်ကာလအထိ ရရှိနိုင်သည့်အပြင် ရောဂါအတွက် တိုးတက်သော ပျောက်ကင်းမှုနှုန်းများကို ပြသလျက်ရှိသည်။

၂၀၁၂ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင် ဈေးကွက်မြှင့်တင်ရေးခွင့်ပြုမိန့်ရခဲ့သော Bedaquiline နှင့် Delamanid သည် နှစ်ပေါင်း ၅၀ နီးပါးအတွင်း တိုးတက်အောင်လုပ်ဆောင်နိုင်ခဲ့သော ပထမဦးဆုံးတီဘီဆေးသစ်များဖြစ်သည်။ ယင်းတို့သည် ပျောက်ကင်းကုသနိုင်ဖို့ရန် အလွန်ဆိုးရွားသောအခွင့်အရေးနှင့် ဆေးယဉ်ပါးမှုအများဆုံးဖြစ်ပေါ်နေသည့် တီဘီရောဂါကို ရင်ဆိုင်ခံစားနေရသော လူနာများအတွက် အလားအလာရှိသောအသက်သွေးကြောတစ်ခုပင် ဖြစ်သည်။ MSFသည် ၂၀၁၆ ခုနှစ်တွင် အဆိုပါဆေးဝါးမျာထံမှ အမှန်တကယ်အကျိုးခံစားရသောလူများမှာ ၅ ရာခိုင်နှုန်းအောက်လောက်သာရှိကြောင်း ခန့်မှန်းထားသည်။ 

MSFသည် ဆေးအသစ်များ၏ ဆိုးဆိုးရွားရွား ကြန့်ကြာသောသွင်းယူနှုန်းကို စိုးရိမ်ပူပန်နေကြသည်။ ၂၀၁၇ ခုနှစ်၏ ပထမနှစ်ဝက်အတွင်း လူပေါင်း ၃,၉၄၃ ဦးခန့်သာ ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုကာလများတွင် ဆေးအသစ် ၂ မျိုးကို ရရှိခဲ့သည်။ ၂၀၁၆ ခုနှစ်ရှိ အလားတူကာလနှင့် နှိုင်းယှဉ်ပါက မဖြစ်စလောက်တိုးတက်လာသော လူဦးရေ ၁,၀၀၀ ကျော်ကို ကုသပေးနိုင်ခဲ့သည်။

ပြင်းထန်ဆေးယဉ်ပါးတီဘီရောဂါရှိခဲ့ပြီး တောင်အာဖရိကနိုင်ငံ ခါယယ်လစ်တ်ရှာရှိ MSF စီမံကိန်းတွင် delamanid ဆေးနှင့် ကုသမှုခံယူခဲ့သော စင်နီသမ်ဘာ ခုစ် က ယခုလိုပြောကြားခဲ့သည်။

“Delamanidဆေးက ကျွန်မကို အသက်ရှင်ဖို့အတွက် ဒုတိယအခွင့်အရေးတစ်ခုပေးခဲ့ပါတယ်။ ဒီဆေးပြားတွေကို ဆေးယဉ်ပါးတီဘီရောဂါနဲ့ ရုန်းကန်လှုပ်ရှားနေရတဲ့ လူတွေကို ရရှိစေချင်တဲ့ ဆန္ဒရှိပါတယ်။ အဲ့ဒီအချိန်အတွင်းမှာ သာမန်ကုသမှုကြောင့် အန်ကြတဲ့သူများ သို့မဟုတ် ဆေးထိုးခြင်းကြောင့် ငိုကြတဲ့သူများ သို့မဟုတ် အကြားအာရုံပါ ပျောက်ဆုံးသွားပြီး ကျောင်း ဒါမှမဟုတ် အလုပ်ထွက်သွားရတဲ့လူများစွာ ရှိပါတယ်။”

ခန့်မှန်းချက်များအရ တစ်ကမ္ဘာလုံးတွင် ဆေးယဉ်ပါးတီဘီရောဂါရှိသော လူဦးရေ ၃၀ ရာခိုင်နှုန်းခန့်သာ ဆေးအသစ်များမှ အကျိုးခံစားရရှိသည်။ *သို့သော်လည်း ၂၀၁၇ ခုနှစ် ဇူလိုင်လလောက်က တစ်ကမ္ဘာလုံးရှိ ဆေးယဉ်ပါးတီဘီလူဦးရေ ၁၀,၁၆၄ ဦးခန့်သာ bedaquiline ဆေးကို ရရှိခဲ့ကြပြီး ၆၆၈ ဦးသာ delamanid ဆေးကို ရရှိခဲ့ကြသည်။

“လွန်ခဲ့တဲ့ ၅ နှစ်တုန်းက ကျွန်တော်တို့မှာ ဆေးကုသမှုရွေးချယ်ပိုင်ခွင့်တွေမရှိဘူး။ နောက်ပြီး ကျွန်တော်တို့ သိတဲ့အတိုင်း သူတို့ကို ပျောက်ကင်းစေတဲ့ အခွင့်အရေးအနည်းငယ်သာရှိတဲ့ ဆေးယဉ်ပါးတီဘီဆေးများပါဝင်သော နည်းစနစ်တစ်ခုကို လူတွေကိုပေးခြင်း၏ အန္တရာယ်များကို လက်ခံဖို့ရန် အတင်းအကျပ်စေခိုင်းခံခဲ့ရတယ်။ ဒါပေမယ့်လည်း အခုအချိန်မှာ ဒီဆေးတွေကို အသုံးမပြုရခြင်းအတွက် ဆင်ခြေတွေကဘာတွေဖြစ်မလဲ။” ဟု MSF ၏ မဲဆွယ်စည်းရုံးရေးမှ အိတ်ခ်ျအိုင်ဗွီ နှင့် တီဘီရောဂါအကြံပေးအရာရှိ ဒေါက်တာ အိုက်ဇက် ချိခ်ဝမ်အာ က ပြောကြားခဲ့သည်။

“ဒီကနေ့တွင် အလားတူမူလနည်းစနစ်များနဲ့ ကုသမှုဆက်လက်လုပ်ဆောင်ဖို့ကို လက်မခံတော့သလို ကောင်းမွန်တဲ့ကုသမှုကို ထောက်ပံ့ပေးနေခြင်းမရှိတော့ပါဘူး။ ကျွန်တော်တို့ ကောင်းကောင်းသိကြတဲ့အတိုင်း ကျွန်တော်တို့တွေ ဒီဆေးအသစ်တွေကို အသုံးပြုခြင်းဖြင့် အသက်ရှင်နေနိုင်ဖို့ရန်အတွက် လူတွေကို ပိုမိုကောင်းမွန်တဲ့အခွင့်အရေးတစ်ခုကို ပေးဆောင်နိုင်ခဲ့ပါတယ်။”

တီဘီရောဂါသည် ကမ္ဘာ့သေဆုံးမှုအများဆုံး ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး နှစ်စဉ် လူပေါင်း ၁.၈သန်းကို သေဆုံးစေနေသည်။ ဆေးယဉ်ပါးတီဘီရောဂါအတွက် လက်ရှိစံကုသမှုသည် ဆေးပြား ၁၅,၀၀၀ နီးပါးကို နှစ်နှစ်ကျော်အတွင်း သောက်သုံးရန် လူတွေကို လိုအပ်နေပြီး ယင်းသည် ပြင်းထန်ပြီး အားအင်ကုန်ခမ်းစေသော ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေသည်။ အဆိုပါဆေးကုသမှုသည် လူနှစ်ဦးလျှင် တစ်ဦးကိုသာ ပျောက်ကင်းသက်သာစေသည်။

အလားအလာကောင်းသောဆေးသစ်နှစ်မျိုးက ဆေးယဉ်ပါးတီဘီရောဂါအတွက် သိသိသာသာတိုးတက်လာသော ဆေးကုသမှုနှင့် ဆေးအသစ်များ၏ ကျောရိုးမကြီးသဖွယ် ဖွဲ့စည်းပေးထားသည့် ထူးကဲလှသောမျှော်လင့်ချက်များနှင့်အတူ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။

“Bedaquiline နှင့် delamanid အသုံးပြုမှုက လက်ရှိတွင် အကြောင်းအမျိုးမျိုးကြောင့် ကန့်သတ်ထားတယ်။ အဲဒီထဲမှာ အချို့သောအမျိုးသားတီဘီရောဂါအစီအစဉ်များ၏ အလွန်ရှေးရိုးစွဲတဲ့ အချက်တစ်ချက်လည်းပါဝင်တယ်။” ဟု ဒေါက်တာ ချိခ်ဝမ်အာ က ပြောကြားခဲ့သည်။

“ဆေးအသစ်များ၏ ရင်နင့်ဖွယ်ရာကောင်းတဲ့ ပထမဦးဆုံးအကြိမ်ထုတ်ဝေရောင်းချခြင်းက ယခုအချိန်မှာ ထိရောက်တဲ့ကုသမှုအခွင့်အရေးတစ်ခုရရှိနေသော လူများအတွက် မတရားမှု ဖြစ်နေတယ်။ ကမ္ဘာလုံးဆိုင်ရာတီဘီအဖွဲ့၊ အစိုးရနှင့် အလှူရှင်တွေက ဆေးယဉ်ပါးတီဘီလူနာများ၏အသက်ကို ကယ်တင်ပေးရန်အလို့ငှာ အလားအလာကောင်းသော ဒီဆေးအသစ်နှစ်မျိုး ရရှိခွင့်တိုးမြှင့်ရန်အတွက် အရေးကြီးသောအဆင့်များကို စုပေါင်းဝိုင်းဝန်းလျက် လုပ်ဆောင်ရမှာဖြစ်တယ်။”

 

MSF သည် တီဘီရောဂါဝေဒနာရှင်များကို နှစ်ပေါင်း ၃၀ တိုင်အောင် ကုသပေးလျက်ရှိနေပြီးဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် MSF သည် ဆေးယဉ်ပါးတီဘီရောဂါဝေဒနာရှင် ၂,၇၀၀ ဦးအပါအဝင် တီဘီရောဂါဝေဒနာရှင်ပေါင်း ၂၀,၀၀၀ ကျော်ကို ကုသပေးခဲ့သည်။ ၂၀၁၇ ခုနှစ် ဇွန်လလောက်က အမျိုးသားကျန်းမာရေးဝန်ကြီးဌာနများနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိသော MSF သည် bedaquiline နှင့် delamanid ဆေးနှစ်မျိုးစလုံး သို့မဟုတ် ဆေးတစ်မျိုးစီပါဝင်သော ဆေးယဉ်ပါးတီဘီရောဂါ ကုသမှုနည်းစနစ်များကို နိုင်ငံ ၁၄ နိုင်ငံရှိ လူနာပေါင်း ၁,၅၀၀ ကျော်ကို စတင်ကုသပေးလျက်ရှိသည်။

*အဆိုပါခန့်မှန်းချက်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ စံသတ်မှတ်ချက်များနှင့် ကိုက်ညီသော လူများမှာ - အခြားသောဆေးများနှင့် ကုသမှုမခံယူနိုင်သည့် ပြင်းထန်ဆေးယဉ်ပါးတီဘီ(XDR-TB)ရှိနေသောလူများနှင့် ဆေးယဉ်ပါးတီဘီ(MDR-TB)ရှိနေသောလူများ ပါဝင်သည်။ ဆေးယဉ်ပါးတီဘီကုသမှုတိုးမြှင့်လှုပ်ရှားရေးအဖွဲ့(STAT)၏ ရှေးရိုးဆန်သော ခန့်မှန်းချက်များအရ ဆေးယဉ်ပါးတီဘီရောဂါရှိနေသောလူပေါင်း ၃၀ ရာခိုင်နှုန်းက ဆေးအသစ်များမှ အကျိုးကျေးဇူးရရှိနိုင်သည်။ MSF၏ အခြေခံကွင်းဆင်းအတွေ့အကြုံများအရ အဆိုပါတွက်ဆချက်မှုသည် ပြင်းထန်ဆေးယဉ်ပါးတီဘီနှင့် ဒုတိယအဆင့်ဆေးသောက်ပြီးသည့် လူများ၏ မြှင့်တက်မှုအချိုးရှိနေသောနေရာများတွင် ၇၀ ရာခိုင်နှုန်း မြှင့်တက်သွားနိုင်သည်။ 

Summary image: 
Slideshow place: 

Viewing all articles
Browse latest Browse all 66