နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF) ၏ မြန်မာနိုင်ငံတွင်း လုပ်ငန်းများလုပ်ဆောင်ခဲ့မှု ၂၅ နှစ်တာ ပြည့်မြောက်သည့် အထိမ်းအမှတ်အနေဖြင့် ဓာတ်ပုံပြပွဲတစ်ခု ခင်းကျင်းပြသလိုက်ပါသည်။ ဓာတ်ပုံများ၊ ရုပ်ပုံလွှာ များဖြင့် ပြည့်နှက်နေသည့် ပြပွဲခန်းမသည် မြန်မာနိုင်ငံ၏ လက်ရှိနှင့် အတိတ်ကာလဖြစ်ရပ်များအား ပုံဖော်ပြသ နေမည် ဖြစ်သည်။ ကျွန်ုပ်တို့အနေ ဖြင့် ကျွန်ုပ်တို့ လူနာများနှင့် ဝန်ထမ်းများ နေ့စဉ်ကြုံတွေ့နေရသည့် ဖြစ်ရပ်မှန် နေ့စဉ်ဘဝလှုပ်ရှားမှုများကို ဓာတ်ပုံများမှ တစ်ဆင့် ပြသသွားမည် ဖြစ်ပါသည်။ သင် ဓာတ်ပုံပြပွဲအတွင်း ဝင်ရောက် လာပါက ၁၉၉၂ ခုနှစ် အဖွဲ့ကြီး ကနဦးလုပ်ငန်းများ စတင်ခဲ့သည့်အချိန်မှစ၍ လက်ရှိ မြန်မာနိုင်ငံ၏ ဝေးလံ ခေါင်သီဆုံးဒေသများတွင် လုပ်ငန်းများလုပ်ဆောင်နေသည့် ကာလအထိ သင့်ကို ဆွဲငင်ခေါ်ယူသွားမည် ဖြစ်ပါသည်။
ယနေ့တွင် နိုင်ငံခြားသားနှင့် နိုင်ငံသားဝန်ထမ်း ၁၂၀၀ ကျော်တို့ အတူပူးပေါင်း၍ အရည်အသွေးမြင့် ကျန်းမာရေး စောင့်ရှောက်မှုများနှင့် ကုသမှုများကို ကျန်းမာရေးဌာနများ၊ နယ်လှည့်ဆေးခန်းများတွင် ပေးအပ်လျက် ရှိသည်။
နှစ်ပတ်လည်များနေ့များသည် အတိတ်ကာလကို ပြန်တွေးတောမိသည့် အချိန်တစ်ခုဖြစ်သလို ကျွန်ုပ်တို့၏ အနာဂတ် လမ်းကြောင်းအတွက် အစီအစဉ်များ၊ မျှော်လင့်ချက်များကို ပုံဖော်မိသည့် ကာလတစ်ခုလည်း ဖြစ်ပါသည်။ ဆယ်စုနှစ် နှစ်ခုကျော်သည်အထိ MSF သည် လိုအပ်မှုရှိနေသည့် ရာထောင်ချီသည့် ပြည်သူများအား စောင့်ရှောက် ကူညီလျက် ရှိသည်။ ကျွန်ုပ်တို့ ထမ်းဆောင်နေသည့် လူသားချင်းစာနာမှုဆိုင်ရာ တာဝန်အရ နာမကျန်းဖြစ်နေသူများ၊ သဘာဝဘေးဒဏ် ခံစားနေရသူများ သို့တည်းမဟုတ် နေရပ်ရွှေ့ပြောင်းနေထိုင်နေရသူများအား အကူအညီများ ပေးအပ်လျက် ရှိပါသည်။ ကျွန်ုပ်တို့သည် ဆေးဘက်ဆိုင်ရာ လူသားချင်းစာနာမှု အကူအညီများအား သင့်လျော်သည့် နေရာ သင့်လျော်သည့်အသုံးအနှုန်းများဖြင့် တကယ့်ကို အကူအညီလိုအပ်နေသည့်သူများအား အမှန်တကယ် ထိရောက်စွာ အကူအညီများ ပေးအပ်နေပါသည်။ မြန်မာနိုင်ငံရှိ ပြည်သူများအနေဖြင့် ကျွန်ုပ်တို့၏ လုပ်ဆောင်မှုများ မှာ တကယ့်ကို တန်ဖိုးပြည့်ဝသည့် လုပ်ဆောင်မှုများ မှတ်ထင်ပြီး၊ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များတွင် လည်း ပါဝင် အားဖြည့်ကြလိမ့်မည်ဟု ကျွန်ုပ်တို့မှ အထူးယုံကြည်မိပါသည်။