Quantcast
Channel: MSF Myanmar
Viewing all articles
Browse latest Browse all 66

တောင်ဆူဒန် - ယုအိုင် နှင့် ဝါ့ဒ် ဒေသတိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ထောင်ပေါင်းများစွာသော လူအုပ်မှာ ကာလဝမ်းရောဂါ နှင့် အာဟာရချို့တဲ့ခြင်းတို့ ကို ရင်ဆိုင်နေရ

$
0
0

အာဟာရချို့တဲ့ခြင်း နှင့် ကာလဝမ်းရောဂါ၏ သံသယဖြစ်ဖွယ် ရောဂါများသည် တောင်ဆူဒန်နိုင်ငံ ပိုင်ရီဒေသရှိ ချုံပုတ်ထဲတွင် ပုန်းအောင်းနေထိုင်ကြသော လူများအကြားတွင် ဖြစ်ပွားမှုမြင့်တက်လျက်ရှိသည်။ နိုင်ငံတကာဆေးဘက်ဆိုင်ရာအဖွဲ့အစည်းဖြစ်သော နယ်စည်းမထားဆရာဝန်များအဖွဲ့(MSF) က အဆိုပါဖြစ်ပွားမှုများကြောင့် ထောင်နှင့်ချီသော လူများ၏ ကျန်းမာရေးကို ထိခိုက်အန္တရာယ်ဖြစ်စေနိုင်သည် ဟုပြောကြားလိုက်သည်။

ဆူဒန်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နှင့် အတိုက်အခံအုပ်စုများအကြား တိုက်ပွဲများဖြစ်ပွားပြီးနောက်  လူပေါင်း ၂၇,၀၀၀ကျော်သည် ဖေဖော်ဝါရီလအလယ်ပိုင်းကပင် ယုအိုင်နှင့် ဝါ့ဒ်ဒေသရှိ ယင်းတို့၏ နေအိမ်များမှ ထွက်ပြေးတိမ်းရှောင်နေခဲ့ကြရသည်။ ပိုင်ရီဒေသမှ လွတ်မြောက်လာသော လူများအနေဖြင့် အဓမ္မကျင့်ခံရခြင်း၊ အပစ်သတ်ခံခဲ့ရခြင်း နှင့် ယင်းတို့၏ နေအိမ်များ မီးရှို့ခံရခြင်းတို့ ကို ကြုံတွေ့ ခဲ့ရသည်ဟု MSF အဖွဲ့များအား ပြန်လည်ပြောပြခဲ့သည်။ လက်ရှိအချိန်တွင် အစားအစာ၊ သောက်သုံးရေ နှင့် နေစရာအမိုးအကာများ အမြန်ဆုံးလိုအပ်နေပြီး ရွှေ့ပြောင်းဒုက္ခသည်များသည် လက်တလောတွင် သစ်ပင်များအောက်တွင်သာနေထိုင်ရပြီး အသက်ရှင်ရန်အတွက် သစ်ရွက်များကို စားနေကြရသည်။

MSF အဖွဲ့များသည် ဝမ်းရောဂါနှင့် အာဟာရချို့တဲ့မှုအတွက် အခြေခံကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသမှုများကို တုံ့ပြန်ချက်တစ်ခုအနေနှင့် ထောက်ပံ့ပေးနေသည်။ သို့သော် ဒုက္ခသည်များကို ပုံမှန် နှင့် ပုံမှန်ထက်ပိုသော လူသားချင်းစာနာထောက်ထားမှု အကူအညီများ ထောက်ပံ့ပေးပြီး ယင်းတို့၏ လူနေမှုအခြေအနေများကို တိုးတက်အောင် မလုပ်ပေးနိုင်လျှင် အခြေအနေက ထပ်မံဆိုးရွားလာဖွယ်ရှိသည်ဟု MSFက သတိပေးခဲ့သည်။

“ကျွန်တော်ထွက်ပြေးခဲ့တယ်။ ဘာတစ်ခုမှ သယ်လာဖို့ အချိန်မရှိခဲ့ဘူး။” ဟု ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ယုအိုင်ဒေသက ထွက်ပြေးလာသော ကလေး ၅ ဦး၏ ဖခင်၊ အသက် ၄၁ နှစ်အရွယ် ဝီလီလျံ ကပြောသည်။ “သူတို့က မြို့ထဲမှာ သေနတ်တွေ ပစ်ဖောက်ကြတယ်။ အမျိုးသမီးတွေ၊ မိန်းကလေးတွေ၊ မြို့ထဲမှာရှိတဲ့ လူတွေအားလုံးကို သတ်ပစ်တယ်။ နောက်ပြီး အမျိုးသမီးတွေကိုလည်း အဓမ္မကျင့်ကြသည်။ ရွှံ့တဲ (Tukuls) အချို့ကို မီးရှို့တယ်။ ကျွဲ၊ နွားတွေကို ယူသွားပြီး ရေတုံကင်တွေကိုတောင်မှ ဖျက်ဆီးသွားခဲ့တယ်။”

သို့သော် ကြောက်မတ်ဖွယ်ကောင်းလောက်အောင် ပိုင်ရီဒေသသည် တိုက်ခိုက်ခံနေရသည့်အတွက် ဝီလီလျံ နှင့် ယင်း၏ မိသားစုသည် ယုအိုင်ဒေသ၏ မြို့မှ ထွက်ပြေးခဲ့သည်။ ပိုင်ရီမြို့မှ ၂ နာရီအကြာသာ လမ်းလျှောက်သွားရသော ရွာတစ်ရွာရှိ သစ်ပင်အောက်တွင် နေခဲ့ကြရသည်။ အကူအညီပေးသော အဖွဲ့အစည်းများမှ ဝေငှသော အစာအနည်းငယ် နှင့် သစ်ရွက်များကို အမှီပြုပြီး အသက်ရှင်နေထိုင်ခဲ့ရသည်။ လွန်ခဲ့သော ရက်သတ္တပတ်တွင် ယင်း၏ ၅ နှစ်အရွယ်သားသည် ကာလဝမ်းရောဂါဖြင့် သေဆုံးခဲ့သည်။

ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေသော လူနာများမှာ ယေဘုယျအားဖြင့် များပြားလာပြီးနောက် ကာလဝမ်းရောဂါ၏ ပထမဆုံးသံသယဖြစ်ဖွယ်ရောဂါကို  မေလ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ MSFသည် ပိုင်ရီဒေသတွင် ကုသမှုစင်တာတစ်ခု ဖွင့်လှစ်ခဲ့ပြီး လူနာ ၃၀ ဦးနှင့် အထက်ကို ကုသပေးခဲ့သည်။ MSF အနေဖြင့် ရေဓာတ်ဆုံးရှုံးခြင်းကို ပြန်လည်ဖြည့်တင်းပေးနိုင်မည့် နေရာ ခုနှစ် ခုနှင့်အတူ ကလိုရင်းခတ်ထားသော ရေများ ရရှိနိုင်မည့် နေရာများကို ဖွင့်လှစ်ပေးခဲ့သည်။  

မြို့၏ လူများနှင့်အတူ ထွက်ပြေးလာခဲ့သော ယုအိုင်ဆေးရုံမှ တောင်ဆူဒန်ဝန်ထမ်း MSFအဖွဲ့များသည် ပိုင်ရီဒေသ အနီးတစ်ဝိုက်တွင် အခြေခံကျန်းမာရေးစောင့်ရှောက်မှုဆေးခန်း ၃ ခုကို ဖွင့်လှစ်ထားလျက်ရှိသည်။

အသက် ၅ နှစ်အောက်ကလေးများအကြားတွင် အာဟာရချို့တဲ့မှု အဆင့်များမြင့်တက်မှုတစ်ခု ဖြစ်နေသည်ကို MSF အဖွဲ့က မေလအလယ်က ထုတ်ပြန်ခဲ့သည်။ ၃၂ ရာခိုင်နှုန်းမှာ သာမန်အာဟာရချို့တဲ့ခြင်းကို ခံစားနေရပြီး ၁၂ ရာခိုင်နှုန်းမှာ  အသက်အန္တရာယ်ဖြစ်စေလောက်အောင် ဆိုးရွားသော အာဟာရချို့တဲ့ခြင်းကို ခံစားနေရသည်။ MSFက အာဟာရချို့တဲ့နေသော ကလေးများအတွက် အစားအစာရိက္ခာများ ဖြန့်ဝေပေးနေလျက်ရှိသည်။ သို့သော် ပိုင်ရီဒေသအနီးတစ်ဝိုက်ရှိ ဒေသခံများနှင့် ရွှေ့ပြောင်းဒုက္ခသည်များကို ထောက်ပံ့ပေးရန် အစားအစာများစွာ အရေးပေါ်လိုအပ်နေသည်။

“လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ကျွန်မတို့ အစာအစားအချို့ ရရှိတယ်။” ဟု ယုအိုင်မှ ၄၅ နှစ်အရွယ် အဲလိဇဘတ် ကပြောသည်။ “ဒါပေမယ့် လုံလုံလောက်လောက် မရပါဘူး။ အစာရရှိဖို့ စာရင်းမပေးထားတဲ့သူတွေနဲ့ မျှဝေစားသောက်နေရတယ်။ ဘာမှစားစရာမရှိရင်တော့ သစ်ပင်ပေါ်က သစ်ရွက်တွေကိုပဲ စားကြရတာပေါ့။”

ဒေသတွင်း လုံခြုံမှုမရှိခြင်းက ဒုက္ခသည်များထံ သွားရောက်ကြမည့် အကူအညီပေးရေးအဖွဲ့များအတွက် စိန်ခေါ်မှုများစွာ ဖြစ်ပေါ်စေသည်။ သို့သော် အကူအညီများ လက်ရှိပြတ်လပ်နေခြင်းက အရေးပေါ် အကူအညီအတွက် လိုအပ်ချက်ပင် ဖြစ်သည်။

“ဒီဒေသမှာတော့ အကူအညီက အကန့်အသတ်နဲ့ ပဲရတယ်။ ပြီးတော့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုဌာနတွေကလည်း အလွန်နည်းတယ်။ လူသားချင်းစာနာထောက်ထားမှု အခြေအနေက ဆိုးရွားပြီးသားကိုဖြစ်နေတာ” ဟု MSF တောင်ဆူဒန်၏ ဒုဌာနေကိုယ်စားလှယ် မိုက်ကယ်ကီဇာ ကပြောသည်။ “လူတွေရဲ့ လက်ရှိနေထိုင်နေရမှုအခြေအနေ နဲ့ ရေကို အကန့်အသတ်နဲ့ ပဲရနေတာကို ထည့်သွင်းစဉ်းစားရင်တော့ အခြေအနေတွေ ဒီ့ထက်ပိုဆိုးလာမှာကို စိုးရိမ်မိတယ်။ မိုးရာသီကလည်းရောက်လာတော့မယ်ဆိုတော့ လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးဖို့ ပိုပြီးရှုပ်ထွေးခက်ခဲလာပြီး လူတွေရဲ့ လိုအပ်ချက်တွေကလည်း မြင့်တက်လာတော့မယ်။”

 


Viewing all articles
Browse latest Browse all 66